Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, June 6, 2011

(အထီးကျန်နှလုံးသား)

တမှိုင်မှိုင်ကာတွေး ထိုင်ကာငေးလျှက်

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

တပြည်တခြား ဝေးကွာနေလည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

မနက်လင်းလို့ မျက်လုံးပွင့်လည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

ချစ်သောသူနှင့် ဝေးကွာနေ၍

လွမ်းဆွေးမှုကို ထွေးပိုက်ရစ်ကာ

နှလုံးသား အထီးကျန်နေပါတော့သည်။

ရှမ်းကလေး

Tuesday, June 17, 2008

ကျွန်တော်နဲ့ မယ်ဆောက်မြို့တော်

အသံတွေက ညံစီစီ
အနံ့တွေက တထောင်းထောင်း
လူမျိုးစုတွေက စုံလို့...
မြန်မာ၊ ထိုင်း..၊ တိုးရစ်တွေနဲ့
ဘာသာစကားကလည်း
ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်
ခဏနေ ထိုင်းလိုပြော..၊
ခဏနေ ဗမာလိုဟစ်..
ခဏနေ How are you?
နောက်ဆုံးကျတော့ I Love You....


အသံတွေက ညံစီစီ
အနံ့တွေက တထောင်းထောင်း
အသားမျိုးစုံ၊ ငါးမျိုးစုံနဲ့
အသီးအရွက်တွေက စုံလှပေစွ
အသားပေါ် ခုတ်တဲ့ဓါးကလည်း
တညံညံ
ငါးကြေးခြစ်တဲ့ အသံကလည်း
တကြွတ်ကြွတ်
အစိမ်းရောင် သီးရွက်စုံတွေကလည်း
အညွန့်တလူလူ
ဝယ်သူက၀ယ်
ရောင်းသူကရောင်း
ရောင်းသူနဲ့ ၀ယ်သူ
ဈေးတွေညှိကြ
ရောင်းတဲ့သူက ဈေးကိုတင်
ဝယ်တဲ့သူက ဈေးလျှော့ခိုင်း
ရောင်းသူနဲ့ ၀ယ်သူ
အဆင်မပြေ မချောမွေ့ခဲ့ရင်
ကိစ္စက တုံးရော....

အသံတွေက တညံညံ
ဈေးသည်တွေက တဟစ်ဟစ်
ဟော့သည်မှာ ပဲစစ်စစ်...
စားဦးမလား အကိုတို့ရေ
မုန်းလက်ဆောင်းကိုလေ
သောက်သွာပါဦး အကိုရဲ့
ရေခဲရေ တစ်ခွက်
ဝယ်သွားပါဦး အကိုရယ်
ရောင်းမကောင်းလို့ပါကွယ်..
ကြည့်သွားပါဦး တူမရာ
ရွေတွေ လှတယ်ကွာ..
ဈေးဆစ်ဝယ်ပါ ကောင်လေးရာ
ကျွန်တော့်အဖေက မှာလာတာ..

အသံတွေက ညံစီစီ
ကိုရဲကြီးလာပြီ
မျက်စိနှစ်လုံးကို ရှင်ရှင်ထား
ကိုရဲကြီးငကြွား..။
ဖုန်းပြောတဲ့လူ တွေ့ရင်ဗျာ..
ကိုရဲကြီး ပျော်ရှာ..
ဆိုင်ကယ်ပေါ်မှာ ပြောရင်တော့
ပေးထားမယ် ၄၀၀ ပေါ့..
စက်ဘီးပေါ်မှာ ပြောရင်ကွယ်
လျှော့ပေးမယ် ၁၅၀
အပျိုချောချောလေးဆိုရင်တော့
ကိုရဲကြီး မယူဘူးပေါ့...
လက်မှတ်မရှိတဲ့လူ တွေ့ရင်ကွယ်
ကိုရဲကြီး မျက်စိလျင်တယ်...
ဆိုင်ကယ်ဦးထုတ် မဆောင်းရင်တော့
ကိုရဲကြီး ပျော်ရှာပေါ့...
လှိုင်းကားတွေကို စောင့်ဖမ်းမယ်
ဆေးရုံကြီးမှာကွယ်...
လာထားကေ တစ်ယောက်တစ်ရာပဲ
ကိုရဲကြီးခင်မျာ ဗိုက်တွေရွဲ....

ရှမ်းကလေး

မျက်နှာကြည့်၍ ထွက်သွားကြသူများ

လူနှင့် ဆိုင်ကယ်
ရောကာထွေးလျှက်
တည်ရှိနေတဲ့ ဤဈေးကလေးတွင်
နေ့စဉ်နှင့်အမျှ
လာရောက်တောင်းစား
ကျွန်ုပ်တို့သူတောင်းစားများသည်
ဟိုလူကိုကြည့်ကာ..၊ ဒီလူ့ကိုကြည့်လျှက်
၁ ဘတ်၊ ၂ ဘတ် ၊ ရလိုရငြား
လိုက်ကြည့်သော်လည်း
အကြင်နာကင်းမဲ့သောလူ
ဤလူတို့သည် ပစ္စည်းဥစ္စာ
ခင်တွယ်တာ၍
၁ ဘတ်မပြောနှင့် ၅ မူးမျှလည်း
မပေးကမ်းဘဲ
မိမိတို့ မျက်နှာကို သနားညာတာစွာဖြင့်
တခါတချက် အစဉ်ကြည့်လျက်
ထိုနေရာမှ ထွက်သွားလေသတည်း.။

ရှမ်းကလေး

Monday, February 11, 2008

မြောက်ဘက်ကကျောင်း

အရှေ့၊ နောက်၊ တောင်၊ မြောက်
အရပ်လေးမျက်နှာကို
ငါ တမိနစ်စီ ကြည့်လိုက်တယ်

အရှေ့ဘက်မှာ မျက်လုံးအ၀ိုင်းသားလေးနဲ့
ကောင်မလေးတစ်ယောက်
ငါ့ကို ငေးမောကာ စောင့်နေတယ်...

အနောက်ဘက်မှာတော့
မြန်မာဆန်ဆန် ပုသိမ်ထီးလေးကိုဆောင်းလို့
ကောင်မလေးတစ်ယောက်
င့ါကို ရပ်စောင့်နေတယ်...

တောင်ဘက်မှာကျပြန်တော့ မိန်းကလေးတစ်ယောက်
န၀ရက်ကိုးသွယ် စီခြယ်ထားတဲ့
တောက်ပတဲ့ မျက်လုံးအစုံနဲ့
ငါ့ကို လှည့်ကြည့်နေတယ်...

မြောက်ဘက်မှာတော့
အောက်က ထဘီအစိမ်းလေးကို ၀တ်ဆင်ကာ
အပေါ်ယံ ယင်ဖုံးအကျီင်္ဖြူကို ၀တ်လို့
လွယ်အိတ်ကို ပုခုံးအထက်မှာလွယ်ပြီး
ငါ့ကို လက်ယက်ခေါ်နေတယ်...

အော... နောက်ဆုံး ငါ့အတွေးထဲမှာ
ငါတို့ကျောင်းက မြောက်ဘက်မှာကိုး..

ရှမ်းကလေး

Sunday, February 3, 2008

အောင်ပွဲ

လူတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ် အောင်မြင်တယ်လို့ထင်ရင်
အဲ့ဒါ အောင်ပွဲပဲ..

အောင်ပွဲဆိုတာ နေရမရွေး
ဒေသမရွေး ဖြစ်ပျက်နေတဲ့
သဘာဝရဲ့ သဘောတရားပဲ...

ငါတို့တတွေလည်း
မကြာခင် အောင်ပွဲမရဘူးလို့
ဘယ်သူတွေက ပြောနိုင်လို့လဲ?

ရှမ်းကလေး

လက်ခံအုံးမှာလားဟင်?

သစ်ပင်လေးတစ်ပင်က သစ်ရွက်လေးတွေဟာ
လေတိုက်တဲ့အတွက်ကြောင့် မြေခရတယ်..

ငါ့ကိုယ်ပေါ်က နှလုံးသားလေးဟာလည်း
သူလေးအတွက်ကြောင့် ကြွေကျရတယ်..

တေးသံချိုသာတဲ့ ငှက်ကလေးတကောင်ရဲ့
သံစဉ်ချိုလေးတွေကို တောလိုက်တယောက်က
ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်...

ဖြူဖြူစင်စင် အရောင်တွေမဆိုးထားတဲ့
ငါ့နှလုံးသားကို သူလေးက
အမုန်းတွေပေးပြီး အရည်နှောက်နှောက်တွေ
ထည့်သွားပေးခဲ့တယ်...

အ၀ါရောင် လိမ္မော်ရည်ထဲကို
ခါးစေတဲ့ အရာလေးတခု
ကျသွားရသလို...

ငါ့ဘ၀ထဲကိုလည်း ခါးတီးစေတဲ့ အရာတခု
သူလေးက ထည့်သွားပေးခဲ့တယ်

အရည်နှောက်နှောက် ခါးတီးကြွေကျနေတဲ့
ငါ့နှလုံးသားလေးကို ဘယ်သူများလာပြီးတော့
လက်ခံအုံးမှာလဲနော်...........

ရှမ်းကလေး

Friday, January 4, 2008

ကြောက်တယ်ဗျာ... ဒီစကားတစ်ခွန်းကို

ချစ်သူ...မင်းတောင်းတတဲ့အချိန်တိုင်းမှာ
ကိုယ်...မင်းဆီကို တေဇလေယဉ်ပျံလိုပဲ အလျင်အမြန် ပျံပြီးလာခဲ့တယ်...

ချစ်သူ...မင်းလိုအပ်သမျ..အရာအားလုံးကို
သန်းရွေက..သူ့မြေးလေးဖိုးလပြည့်ကိုအလိုလိုက်သလို...
ကိုယ်ကလည်း...မင်းကိုတတ်နိုင်သမျဖြည့်ဆည်းပေးခဲ့တယ်..

ချစ်သူ...မင်းကလည်းကြိုင်ကြိုင်လို..အိုဟောင်းခေတ်နောက်ကျတဲ့
အောက်လမ်းဆရာတွေကို တွေ့မြင်ချင်တယ်ဆိုရင်တောင်မှ
ကိုယ်မြန်မာပြည်ကြီးကို...Air Bagan ဆိုတဲ့လေယဉ်ကိုစီးပြီး
အောက်လမ်းဆရာကို...အရခေါ်ပေးခဲ့တယ်...

ချစ်သူ...မင်းအတွက်
ကိုယ်အရာအားလုံး...ဖြည့်ဆီးပေးခဲ့တယ်...

ချစ်သူ...မင်းကကိုယ့်ကိုမုန်းတယ်လို့.. ဆိုလာမယ်ဆိုရင်တော့...
ကိုယ်တယောက်... ဒီစကားတစ်ခွန်းကိုတော့
မလိုက်လျှောပါရ စေနဲ့ကွာ...

ရှမ်းကလေး

Thursday, January 3, 2008

“စောင့်ဦး..မကုန်သေးဘူး”

နှစ်သစ်ရောက်လို့လူတွေပျော်ကြတယ်

အပျော်လွန်လို့လူတွေသေကြတယ်

အသေလွန်လို့ လူတွေမျိုးတုံးကုန်တယ်

မျိုးတုံးကုန်လို့ လူတွေကုန်မယ်မထင်နဲ့

ထပ်လာမဲ့ လူကလေးတွေကတော့ အများကြီးပဲ...

ရှမ်းကလေး

Wednesday, January 2, 2008

နှစ်သစ်မှာကံကောင်းကြပါစေ


နှစ်သစ်မှာအချစ်သစ်နဲ့ တွေ့နိုင်ပါစေ...

နှစ်ဟောင်းကအချစ်ဟောင်းကိုမေ့နိုင်ပါစေ...

နှစ်လယ်မှာအချစ်တကယ်ကိုရှာဖွေနိုင်ပါစေ...

နှစ်ဆုံးမှာအချစ်ဆုံးကိုမရှုံးဆုံးစေနဲ့နော်....

ရှမ်းကလေး

Saturday, December 29, 2007

ကျေးဇူးကြီးမားလှသည့် ဆရာသမားများ

ဘုရား၊ တရား၊ သံဃာ
ဆရာ၊ မိဘဟူ၍
စာဆိုတွေရှိခဲ့ကြတယ်။

လူတယောက်ဟာ ကျောင်းသားအဖြစ်သို့
ရောက်ရှိလာလျှင် ဆရာဟူသော
မေတ္တာကြီးမားလှသည့်
ကျေးဇူးရှင်နှင့် ဧကန်မလွဲ
တွေ့ရပေမည် ဖြစ်ပါသည်။

တွေ့စဉ်ခိုက်ဝယ် ဆရာများက
ဆုံးမသွန်သင် ပညာသင်ပေးလျက်
တပည့်များကို ခွဲခြားဆက်ဆံ
မပြုမူပဲ မေတ္တာထားကာ
ပညာတွေကိုသင်ပေးခဲ့တယ်။

နေပူမရှောင် မိုးရွာမရှား
ကျောင်းသို့လာကာ
သူတို့သင်ယူလာခဲ့သမျှ
ပညာများကို တစ်လုံးမကျန်
တပည့်များကို ဝေမျှပေးခဲ့ကြတယ်။

အတန်းသင်စာမေးပွဲကြီး
နီးလာလျှင်လည်း
သူတို့တတ်နိုင်သမျှ တပည့်များကို
အိမ်တို့ခေါ်ကာ စာတွေကူကျက်ပေးခဲ့ကြတယ်။

အို...ကျေးဇူးကြီးမားလှသည့်
ဆရာသမားများကို ဤကဗျာတစ်ပဒ်နဲ့
ကန်တော့ပါရစေလား။

ရှမ်းကလေး

Sunday, December 23, 2007

“အမှောင်ညလိုပဲ”


ကျေးဇူးပြုပြီးတော့ကလစ်လုပ်ပြီးဖတ်ရှုပေးပါရန်

Friday, December 21, 2007

“Teacher........................”

Teacher ....
We are proud that you are our teacher
Even though we meet once in our lives
You have taught us
With real kindness from your heart
Teacher ....
You help us complete our ambitions
With each lesson you teach
Each smile you lengthen
Each goal you help reach
For all that you've done
We're really thankful

Unfortunately, when the time comes, we're going to part
We know you don't want to part
And neither do we
However that is life
So, let us three students says goodbye to you
Just with this sentence that we'll be
Remembering you in every time of coincidence

Thank you for everything, teacher .....
We hope to meet again some day........

Friday, November 30, 2007

“ဒီဇင်ဘာ”

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
ဟိုအတိတ်ဆီသို့
လွင့်ပြယ်ကာ ရောက်ရှိသွား။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မင်းနဲ့ငါ ချိန်းတွေ့တဲ့ည
ဒီဇင်ဘာလ (၃)ရက်နေ့ညကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မာယာနဲ့ နင်ပြောခဲ့တဲ့စကားကို
စေတနာ အနေနဲ့
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
ဒီဇင်ဘာ (၉)ရက်နေ့မှာ
နင်ဟာသ လုပ်ပြီး
ငါ့ကိုပြန်လာချော့တာတွေကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မာယာလိုနင်ပြောသွားတဲ့
ဟန်ဆောင်စကားတွေကို
ငါမယုံတော့ဘူးလို့
ပြန်ပြောခဲ့တာတွေကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါရဲ့အတွေးစတွေက
ပြောရင်လူတွေရီကုန်မယ်
ငါပြောချင်တာကတော့
အခုထိနင့်ကိုသတိရတုန်းပဲ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးတွေက
ဒီဇင်ဘာ (၂၅)ရက်နေ့မှာ
နင်လက်ထက်သွားတဲ့
ကိုယ်လုံးက၀က် မျက်နှာပေါက်ကဆင်
ခြေသလုံးကဂျင် အဲ့ဒီလူကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးတွေက
မနေသာပေမဲ့ အခုအချိန်မှာတော့
ဟိုကောင်ဇေယျာလို
စေတနာလေးနဲ့ ဖြေသာလိုက်တော့မယ်နော်။

ရှမ်းကလေး

“မရိုင်းပါနဲ့”

မိတ်ဆွေ...
မြန်မာဟာ ကမ္ဘာမှာ
အယဉ်ကျေးဆုံးပါ
ထို့ကြောင်း အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ....
ကမ္ဘာမှာ မြန်မာဟာ
အရိုင်းစကားတွေနဲ့
ထင်ရှားခြင်းမရှိခဲ့ပါ
ထို့ကြောင့် အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ....
သင်လည်းဗမာ
ကျွန်ုပ်လည်း ဗမာ
ဗမာအချင်းချင်း
အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ...
ကျွန်ုပ်သင့်ကို
အနေသာကလေးနဲ့
အဖြေကလေးပေးလိုက်မယ်
ကျွန်ုပ်သင့်ကိုစိတ်မဆိုးပါ။

မိတ်ဆွေ....
တစ်ပါးသူခိုင်းစေခြင်းကြောင့်
သင့်ရဲ့မွန်မြတ်လှတဲ့
ပါးစပ်ပေါက်ကနေ
အရိုင်းစကားတွေ
မထွက်စမ်းပါနဲ့။

မိတ်ဆွေ.....
သင်ကျွန်ုပ်ကို မဆဲဆိုခင်မှာ
သင့်ကိုယ်ကို ပြန်ဆဲစမ်းကြည့်ပါ
ဒါကိုရိုင်းတယ်လို့ မထင်ခဲ့ရင်
ကျွန်ုပ်ကိုကြိုက်သလောက်ဆဲလိုက်ပါ
ကျွန်ုပ်စိတ်မဆိုးပါ။

ရှမ်းကလေး


Monday, November 26, 2007

အဖြူရောင်သူငယ်ချင်း

ဒါဏ်ရာတွေနဲ့ လဲပြိုကျချိန်
ငါ့ဘ၀လေးကို ဖေးမထူ
အားပေးကူညီခဲ့တဲ့ သူငယ်ချင်း...

ဒုက္ခမိုးရေတွေ
ငါရ
ွှဲစိုနေချိန်မှာ
ကရုဏာထီးလေးမိုးပေးခဲ့သူ....

အဖွင့်မချူ အခက်မချိုး
မြတ်နိုးလျက် အလှကြည့်သူ
ဘာမျော်လင့်ချက်မှမရှိ
အဖြူရောင် ပကတိ ကူညီပေးခဲ့သူ။

ရှမ်းကလေး

“စည်း”

ပျော်ပျော်နေပါ
ဒါပေမဲ့...
အပျော်တွေနောက်ချည်းမလိုက်ပါနဲ့။

စီးပွားရှာပါ
ဒါပေမဲ့.....
ဘ၀ကို ငွေရဲ့ကျေးကျွန်အဖြစ် မရှင်သန်ပါနဲ့။

ချစ်တတ်ပါ
ဒါပေမဲ့...
အချစ်ရေးထဲမှာချည်း နစ်မွန်းမနေပါနဲ့။

ရှမ်းကလေး


Sunday, November 25, 2007

“ဆန့်ကျင်ဖက်”


မင်းအေးချမ်းတဲ့ သီချင်းသီဆိုနေချိန်မှာ
ငါကတော့ ကြမ်းတမ်းတဲ့ Hip Hop သီချင်းကိုအော်ဟစ်နေမိတယ်

မင်းနာကျင်စွာ ခံစားနေရတဲ့အချိန်မှာ
ငါကတော့ ပျော်ရွင်စွာဆော့ကစားနေမိတယ်။

မြင့်လွန်းတဲ့နေရာကို မင်းရောက်နေတဲ့အချိန်မှာ
ငါကတော့ အောက်ခြေအဆင့်ကနေလုံးဝမတက်။

တစ်ဦးတစ်ယောက်ဆီက တည်ငြိမ်တဲ့နှလုံးသားကို
မင်းပိုင်ဆိုင်တဲ့ အချိန်မှာတော့
ငါကတော့ အသည်းကွဲ လူကြမ်းမင်းသားကြီးဘဝ
ရောက်နေပါတော့တယ်။

မင်းမှန်ကန်တဲ့ စကားတွေကိုပြောနေချိန်မှာ
ငါကတော့ သူတစ်ပါးကို လိမ်ညာစွာဆက်ဆံနေမိတယ်။

မင်းအဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်မှာ နေတဲ့အချိန်မှာတော့
ငါကတော့ နှိမ့်ကျတဲ့အဆင့်အတန်းမှာပျော်မြူးနေမိတယ်။

ရှမ်းကလေး


Saturday, November 24, 2007

“ငါမင်းကိုလက်ခံပါသေးတယ်”

သွားပါ.... မင်းကြိုက်တဲ့နေရာကို
မင်းပျော်တဲ့နေရာကို ဆန္ဒရှိသလောက်
နေထိုင်ခဲ့ပါ။
နောင်တစ်ချိန်မှာ မင်းမပျော်ခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ယူသွားပါ....ငါ့မှာရှိသမျှ
စည်းစိမ်ဥစ္စာတွေကို
အကုန်ယူသွားပါ။
နောင်တစ်ချိန်မှာ ဒါတွေမင်းကုန်သွားခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ပြောသွားပါ...ငါ့မကောင်းကြောင်းတွေကို
လူတွေရဲ့ရှေ့မှောက်မှာ
မင်းဝအောင် ပြောသွားပါ
နောင်တစ်ချိန်မှာ မင်းမပြောချင်တော့ဘူးဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

တွဲသွားပါ...မင်းကြိုက်တဲ့လူတွေကို
မင်းစိတ်တိုင်းကြ တွဲသွားပါ။
နောင်တစ်ချိန် မင်းတွဲလို့ဝသွားပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ထိုးခိုင်းလိုက်ပါ...မင်းရဲ့လူယုံတော်တွေနဲ့
ငါ့ပါးတစ်ဖက် ရွဲ့စောင်းသွားအောင်
ထိုးခိုင်းလိုက်ပါ။
အကယ်၍ မင်းကျေနပ်ပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။


ရှမ်းကလေး

Friday, November 23, 2007

မတူ ကွဲပြားတဲ့ မိန်းမနှစ်ဦး

မှတ်ချက်။ ။ ထိုကဗျာသည် ကျွန်တော်မြင်တွေ့ ခဲ့ရဖူးသော ဖြစ်ရပ်မှန်လူတစ်ဦးအကြောင်းကို ရေးသားခြင်းဖြစ်ပြီး နအဖစစ်အစိုးရခေါင်းဆောင် သခင်တော်(အော..ဟုတ်ပါဖူး) မယား နှင့်နှိုင်းယှဉ်ပြီးကျွန်တော်ကိုယ်တိုင် ကြိုးစားပြီးစပ်ထားပါသည်။ ထိုသူနေထိုင်သောနေရာတွင် လူ့ အခွင့်အရေး ပညာရပ်များကို မလေ့လာဖူးသော လူများသာရှိသဖြင့် “ကျွန်တော့်မိန်းမက ကျွန်တော့်ကို မော့တောင်မကြည့်ရဲဘူး”ဟူသောစာပိုဒ်ကို ဖြစ်ရပ်အတိုင်းထည့်သွင်းထားပါကြောင်းအသိပေး ရင်း..........


မိန်းမ....
မိန်းမဆိုတာ အားလုံးအသိပဲ
မိန်းမဟာ မိန်းကလေးပေါ့ဗျာ။

ကျွန်တော့်အမေလည်း မိန်းမပဲ
လူတို့ရဲ့အမေလည်း မိန်းမပဲ
သန်းရွေရဲ့အမေလည်း မိန်းမပဲ

ကျွန်တော့်မိန်းမလည်း မိန်းမပဲ
သန်းရွေမိန်းမလည်း မိန်းမပဲ။

သူ့ မိန်းမလည်း လူပဲ
ကျွန်တော့်မိန်းလည်း လူပဲ။

သူ့ မိန်းမက တာဝတိံသာကဆင်းလာတာမဟုတ်ဘူး
ကျွန်တော့်မိန်းမကလည်း ငရဲပြည်ကတက်လာတာမဟုတ်ဘူး။

မိန်းမခြင်းတူကြပေမဲ့
သူ့ မိန်းမက အပျင်းကြီးတဲ့နတ်သမီးလိုနေရတယ်။
ကျွန်တော့်မိန်းမက ဆင်းရဲနွမ်းပါးတဲ့သူဆင်းရဲလိုနေရတယ်။

သူ့ မိန်းမက ကြိုင်ကြိုင်
ကျွန်တော့်မိန်းမက လှိုင်လှိုင်

သူ့ မိန်းမက နိုင်ငံခြားထုတ်
ရေးမွေးတွေနဲ့  ကြိုင်လှိုင်နေတယ်။
ကျွန်တော့်မိန်းမက ငါးစိမ်းသည်ဆိုတော့
ငါးညီနှံ့ တွေနဲ့  ကြိုင်လှိုင်နေတယ်။

သူ့ မိန်းမက ပျော့ပျောင်းတဲ့မွေ့ ရာပေါ်မှာလဲလျှောင်းရတယ်။
ကျွန်တော့်မိန်းမက ဂျပိုးကိုက်တဲ့ စောင်ကြမ်းပေါ်မှာ ကျောခင်းရတယ်။

သူ့ မိန်းမက သူကြိုင်တာစားလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ထမင်းမှတစ်ပါး အခြားစားစရာမရှိ။

သူ့ မိန်းမက သူ့ ကိုနိုင်ထက်စီးနင်း ခိုင်းလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကျွန်တော့်ကိုမော့တောင်မကြည့်ရဲဘူး။

သူ့ မိန်းမက နိုင်ငံတစ်ခုကို နာရီပိုင်းအတွင်းကူးလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကားခမရှိလို့  မြီု့ တောင်မရောက်ဖူး။
သြော.....တော်တော်ခြားနားတဲ့မိန်းမနှစ်ယောက်ပေတကား။

ရှမ်းကလေး

Thursday, November 22, 2007

“တောင်းပန်ပါတယ်”

မလာခဲ့ပါနဲ့ 
မင်းခြေလှမ်းများရဲ့
ညှို့အားပြင်း စွမ်းအင်ထဲ
ငါတစ်ယောက်တည်း အခါခါသေဆုံး....။

ပြုံးမပြပါနဲ့ 
မင်းသိမ်းပိုက်ထားတဲ့
ငါရဲ့တစ်နေ့ တာအချိန်လေး
ပြောင်းဆန်သွားရင် ဒုက္ခပဲ...။

နှုတ်မဆက်ပါနဲ့ 
အဝေးကမြင်ရရုံနဲ့ 
ရင်ခုန်လွန်းတဲ့ ငါ့နှလုံးသား
မင်းစကားသံကြားရင်
အပြင်ကို ခုန်ထွက်လာမှာစိုးလို့ ပါ...။

ရှမ်းကလေး