Monday, June 6, 2011

(အထီးကျန်နှလုံးသား)

တမှိုင်မှိုင်ကာတွေး ထိုင်ကာငေးလျှက်

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

တပြည်တခြား ဝေးကွာနေလည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

မနက်လင်းလို့ မျက်လုံးပွင့်လည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

ချစ်သောသူနှင့် ဝေးကွာနေ၍

လွမ်းဆွေးမှုကို ထွေးပိုက်ရစ်ကာ

နှလုံးသား အထီးကျန်နေပါတော့သည်။

ရှမ်းကလေး

Read More...

.... the rest of the template goes here...

Sunday, March 13, 2011

အချစ်စစ်ဆိုတာ (ဒုတိယပိုင်း)

(ဟေ့ကောင်စိုးစိုး ဘာတွေစဉ်းစားနေတာလည်း) ဟု သူငယ်ချင်းရဲ့ အော်မေးသံကြောင့် သူရုတ်တရက် အတွေးပျက် သွားသည်။

(ဘာမှ မဟုတ်ပါဘူးကွာ ငါအိမ်အကြောင်းစဉ်းစားနေတာ)

(ဘာလည်း အိမ်ပြန်ချင်နေပြီလား၊ ဒါမှမဟုတ် မင်းငယ်ကြင်ဖော်ကို သတိရနေတယ် ထင်တယ်)

(အေးပေါ့ကွာ၊ မင်းတို့က ဒီမှာ အိမ်ထောင်စုနဲ့အတူနေရတော့ ဘယ်အပူပင်ရှိမှာလည်း)

(မင်းကောဘာအပူအပင်တွေ ရှိနေလို့လဲကွ)

(ဘာမှတော့ မရှိဘူးပေါ့ကွာ၊ ဒါပေမဲ့ ငါအိမ်နဲ့ရွာကို အရမ်းသတိရတယ်ကွာ၊ လစာလည်းမထွက်သေးဘူး၊ လစာထွက်ရင် ငါပြန်တော့မယ်ကွာ)

(မင်းပြန်ရင် ငါလည်းလိုက်ပြန်မယ်၊ အဖော်ရတာပေါ့)

(ပြန်လေ)

မင်းနဲ့နီးချင်ပြီ++++ချစ်ခွင့်ရချင်ပြီ++++++

(ဟေ့ကောင် မင်းဖုန်းလာနေတယ်)

(ဘယ်သူလည်း ကိုင်လိုက်လေ)

(ကျော် မင်းဆော်ကွ ငါပြောလိုက်ရမှာလား)

(ပြောလိုက်လေ၊ ငါအိမ်နေတယ်လို့)

(အေး ဟဲလို)

(ကျော်လား)

(မဟုတ်ဘူးခင်ဗျ ကျွန်တော်အိုက်စိုးပါဗျ)

(ကိုကျော်ကော ကိုစိုး)

(ကျော်အိပ်နေတယ် နိုးပေးရမှာလား)

(အင်းနိုးပေးလေ ခဏလောက်)

(အေးအေး ခဏစောင့်နော် နောင့်၊ ဟေ့ကောင် အိုက်ကျော် မင်းဆော်က စကားပြောချင်လို့တဲ့)

(ဟားကွာ တော်တော်ရှုတ်တာပဲ.. ဟဲလိုနောင့် ဘာလုပ်မှာလည်း)

(ဘာမှာမလုပ်ပါဘူး ဘာလုပ်နေလည်းလို့ ဖုန်းဆက်ကြည့်တာ)

(သူများအလုပ်လုပ်လို့ပင်ပန်းတယ်ဆိုမှ နေ့လည်ကြောင်တောင် ဘာလို့ဖုန်းဆက်လာတာလည်း)

(ကိုကျော်က အဲ့လိုပဲ၊ သတိရလို့ဖုန်းဆက်တဲ့ဟာကို)

(အေးပါ သိပါတယ်နောင့်ရယ်၊ ကိုယ်လည်းနောင့်ကို သတိရပါတယ်၊ ညမှ ပြန်ဆက်တော့မယ်နော်)

(ဆက်နဲ့ ဒါပဲ)

(ဖုန်းချသွားပြီ ကောင်းတယ်… မိန်းမတွေဟာလေ ရှုပ်ကိုရှုပ်တယ်)

(မင်းတို့ နှင်ယောက်ကလည်း မမြဲတမ်း စိတ်ကောက်နေကြတာပဲ)

(ငါတို့က ညချစ်သူရည်းစားတွေကွ၊ ညဆို သိပ်ချစ်ကြတာ)

(အေးပါ ဟုတ်ပါတယ်၊ မင်းရုပ်ကိုကြည့်တာနဲ့ ငါသိပါတယ်)

(စိုးမင်းကော၊ ထိုင်းနိုင်ငံမှာ ရည်းစားတစ်ယောက်လောက်ထားဖို့ မစိတ်ကူးဘူးလား)

(တော်ပါကွာ၊ ငါချို့ကို မဖောက်ပြန်ချင်ဘူး၊ ပြီးတော့ ငါ့လို တစ်ကောင်ကြွက်ကို ဘယ်သူက လာကြိုက်မှာလည်းကွ)

(မင်းရှောက်မပြောနဲ့ ဟွေလိုက နွေနောင်း မင်းကို အခုတလော တရားရောတယ်နော်)

(မလုပ်ပါနဲ့ကွာ ခဏနေ နွေနောင်ဒးကြားရင် ငါ့ကို စကားမပြောပဲ နေဦးမယ်)

(ကြားလည်းကောင်းတာပေါ့ကွာ၊ ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာပေါ့ ဟားဟားဟား…)

Read More...

.... the rest of the template goes here...

Friday, February 18, 2011

အချစ်စစ်ဆိုတာ (ပထမပိုင်း)

ဒီကနေ့ မနဂိုနေ့တွေထက် နေပူလွန်းသည်။ လေညင်းကလေးတွေ တဖြည်းဖြည်းတိုက်နေမှုကြောင့်သာ နေပူဒါဏ်ကို သူခံနိုင်ခြင်းပင်ဖြစ်ပေမည်။ သူ့အလုပ်က ချောချောမွေ့မွေ့ လုပ်ရသည့် အလုပ်မဟုတ်။ နားနားနေနေ လုပ်လည်းမရ။ သူ့အလုပ်က ကြမ်းတမ်းသည်။ တစ်ရက်လုပ်မှ ဘတ်ငွေ ၁၅၀ သာ ရတယ်။ သူ့အလုပ်က ပန်းရံအလုပ်။ ထိုင်းနိုင်ငံမှာကတော့ သူ့အတွက်ကတော့ ဒီလိုအလုပ်သာရှိသည်။ သူသာလျှင် ဒီလို ပန်းရံအလုပ်မျိုးကို တဦးတည်းလုပ်ရသည်မဟုတ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုကလည်း ဒီလိုအလုပ်မျိုးကို လုပ်ကိုင်ကြရသည်။ မိမိနိုင်ငံတွင်နေစဉ်အခါက အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်ကြရပေမဲ့ အခြင်းတိုင်းတပါးကို အထင်ကြီးခဲ့မှုက တစ်ကြောင်း ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကတစ်ကြောင်း သူထိုင်းနိုင်ငံကို ၂၀၀၄ အောက်တိုဘာလ လောက်က ရောက်ရှိခဲ့သည်။ သူနှင့်နီး စပ်တဲ့ မိတ်ဆွေတဦးရဲ့ ကူညီပံ့ပိုးမှုကြောင့် ထိုင်းနိုင်ငံကို ဟွေပုန်လောင်းဟုခေါ်သော နယ်စပ်လမ်းကတဆင့် ရောက်ရှိခဲ့သည်။
၁၆ရက်နေ့ ၁၀ လပိုင်း
“စိုးစိုး မနက်ဖြန်စောစော သံလွင်မှာ သွားစောင့်မယ်နော်” လို့ဦးလေး တင်ကြည်လောပြောတော့ မသွားဖူးတဲ့ နေရာ သွားဖူးတော့မှာမို့ စိုးစိုးတစ်ယောက်ပျော်နေသည်။ ဒီနေ့သူငယ်ချင်းတွေနဲ့လည်း ချိန်းထားသည် မဟုတ်လား။ စိုးစိုး သူငယ်ချင်းတွေဆီ သွားဖို့ပြင်နေသည်။
“သားစိုးစိုး မနက်ဖြန် အစောကြီးထရမယ်နော်”
“ဟုတ်ကဲ့ပါ အမေကလည်း”
“အရက်လည်းမသောက်ခဲ့နဲ့ဦးနော်”
“ဟာအမကလည်းဗျာ ကျွန်တော့်ကို အရက်သမားများ ထင်နေလား မသိဘူး”
“ဟုတ်တယ်သမီးကလည်း သားကမနက်ဖြန်ခရီးထွက်တော့မှာ စိတ်အနှောက်အယှက်ဖြစ်အောင် မပြောပါနဲ့”
“အမေကလည်း ဘာသိလို့လည်း အခုသူ သူ့သူငယ်ချင်းတွေဆီသွားမှာ”
“အမကလည်းဗျာ ကျွန်တော်သူငယ်ချင်းတွေဆီ သွားတိုင်း အရက်သောက်ရမှာတဲ့လားဗျာ”

“ကဲကဲ တော်ကြတော့ တော်ကြတော့ သားလည်းသွားစရာရှိတာ သွား၊ ပြီးရင် စောစောပြန်လာခဲ့၊ မိငယ်က လည်းတော်တော့ နင်တို့မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာကို၊ ပြီးတော့နင့်မောင်လေးကို နင်မနက်ဖြန် တွေ့ချင်လည်းတွေ့ရတော့မှာမဟုတ်ဘူး”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ချိုဒီနေ့ လအရမ်းသာတယ်နော်”
“ဟာကိုစိုးကလည်း မနက်ဖြန်ကြရင် လပြည့်ပဲကို သာမှာပေါ့”
“ကိုစိုးချို့ကို ခွဲပြီးမသွားချင်ဘူးကွာ၊ ကိုယ်ချို့နဲ့ အတူတူ အမြဲတမ်း နေချင်တယ်သိလား”
“အပိုတွေ ကိုစိုး ချို့ကို ချစ်ရင် ချို့ကိုပြစ်ပြီး ထိုင်းနိုင်ငံကို ဘယ်သွားမှာလည်း”
“ဟောကြည့် သူဘဲအစက ပြောတော့ ကိုစိုးသွားချင်ရင်သွားဆို၊ ချိုကိုစိုး ထာဝရအမြဲတမ်း စောင့်နေမယ်ဆို”
“ကိုစိုးရဲ အခုချို့ ကိုစိုးနဲ့ မခွဲချင်တော့ဘူးသိလား”
“ကိုလည်းဘယ်ခွဲချင်မှာလည်း ချိုရယ်၊ အခြေအနေက ဒီလိုပေးလာတော့ ကိုယ်တို့ ခဏခွဲကြမယ်နော်၊ ကိုစိုးအတတ်နိုင်ဆုံး အမြန်ပြန်လာခဲ့မယ်နော်”
ချစ်သူရဲ့ ပါးပြင်ပေါ်က မျက်ရည်စများကို စိုးစိုး လက်ဖြင့် အသာအယာ သုပ်ယူပေးလိုက်ကာ
“မငိုတော့နဲ့ကွာ ချို၊ ကိုချို့နဲ့မခွဲခွာခင်လေး တညသာမှာ ပျော်ပျော်ရွင်ရွင်၊ ကြည်ကြည်နူးနူးနဲ့ ချို့ဘေးမှာ နေသွားချင်တယ်ကွာ”
“ဟုတ် ချိုမငိုတော့ဘူးနော်”
မျက်ရည်စများကိုသုတ်ကာ ပြုံးပြလာသော ချစ်သူရဲ့ မျက်နှာလေးက ၀န်းပနေလေသည်။

“သားပြန်လာပြီလား”
“ဟုတ်”
“အ၀တ်အစားတွေကော အားလုံးအဆင်သင့်ဖြစ်ပြီလား၊ သွားတိုက်ဆေးတို့၊ သွားတိုက်တံတို့ကော ထည့်ပြီး ပြီလား”
“ဟုတ်ကဲ့ အမေ”
“ယိုးဒယားမှာ အလုပ်သွားလုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ မသွားပါနဲ့လို့ ပြောတာလည်း မရ၊ ဘယ်သွား သွား ဘုရားတရားကို မမေ့နဲ့နော် သိလား”
“ဟုတ်ကဲ့”
“ဟိုမှာအလုပ်သွားလုပ်ရင်လည်း သေသေချာချာ သွားလုပ်၊ အရက်တွေလည်း မသောက်စားနဲ့ မူးယစ်ဆေးဝါး မသုံးစွဲနဲ့၊ မကောင်းတဲ့ လူနဲ့ မပေါင်းနဲ့၊ နင့်ဦးလေး စကားကိုလည်း နားထောင်၊ ပိုက်ဆံမစုမိသေးရင်လည်း အမေတို့ကို မပို့ပေးနဲ့ သားအတွက်ပဲ လောက်အောင်သုံး၊ အမေတို့ အတွက် ဘာမှမပူနဲ့”
“ဟုတ်ကဲ့”
အမေ့ကို ဟုတ်ကဲ့ဟုသာ ပြောရသည်။ သူ့ရင်ထဲမှာ ၀မ်းနည်းနေသည်။ မိဘနဲ့ ခွဲခြင်းဒုက၊ ချစ်သူနှင့် ခွဲရခြင်း ဒုက ကို မနက်ဖြန် ရင်ဆိုင်ရတော့မည်။ ဒီညမှာမှ သူဘယ်လိုဖြစ်နေသည်မသိ။ ရင်ထဲမှာ အလိုလို ၀မ်းနည်းနေ သလိုလို စိတ်ထဲက ခံစားနေရသည်။ အမေမသိအောင် ကြိတ်ပြီး မျက်ရည်ကျနေသည်။ ဟိုအရင်က ပြောခဲ့သော အမေ့ရဲ့စကားကို ပြန်ပြီး အောက်မေ့သတိရနေမိသည်။
“သားရယ် အမေလည်း အသက်ကြီးပြီ၊ နင်လည်းအမေနဲ့နေပါလား၊ အမေတို့လည်း အဆင်ပြေနေတာပဲကို။ အမေတို့မှာလည်း ဒီမိသားစု (၃)ယောက်ပဲရှိတာကို”
“ဟာအမေကလည်း မသွားရင် မသိတဲ့၊ မရောက်ဖူးတဲ့နေရာ ရောက်ခွင့် ကြုံတုန်းသွားရမှာ၊ သားသွားချင်တယ် ဗျာ” လို့ဆိုပြီး အမေ့ကို ငြင်းခဲ့ဖူးသေးတယ်။ အခုတော့ အဲဒါတွေကို တွေးပြီး အမေနဲ့ခွဲခွာရမှာမို့ စိတ်ထဲမှာ ၀မ်းနည်းမိသလိုလို။ တဖက်က တွေးပြန်ရင်လည်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူတွေကိုကြည့် ငွေထုတ်ပိုက်ပြီး ပြန်လာတဲ့လူတွေ မနည်းဘူးတွေ့လား ဆိုတဲ့ ဦးလေးရဲ့ စကားကိုတွေးပြီး ဖြေသိမ်းခဲ့ရပေါင်း များလည်း များပြီလေ။ ဒီလိုနဲ့ ထိုင်းနိုင်ကို သူေ၇ာက်ခဲ့ရတာပေါ့။

Read More...

.... the rest of the template goes here...

Sunday, March 21, 2010

ပြည်တွင်းပြည်ပ ကွာချားချက်တခု

ညနေမှောင်စပြုလာတဲ့ အချိန်မှာ မီးစက်သံလေးတွေရဲ့ အသံတွေ တဒုတ်ဒုတ်ကြားနေရတော့ ကျွန်တော့်စိတ်ထဲမှာ ရွာကိုပြန်ရောက်နေသလိုမျိုး ခံစားနေရတယ်။ ကျွန်တော်အခုနေနေတဲ့ နေရာကတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တော်ရဲ့ ဒုက်ခသည်စခန်းလေးပေါ့။ ဒီနေ့ကျွန်တော် တနေကုန် မောပန်းခဲ့တယ်လေ။ သုံးနှစ်လောက် တခါမှ ပြန်မရောက်တဲ့ ဒုက်ခသည်စခန်းကို ဒီနေ့တော့ မောမောပမ်းပမ်းနဲ့ပင် ရောက်ရှိခဲ့တယ်။
ဖြစ်ပုံက ပြည်တွင်းက အခုမှရောက်လာတဲ့ လူနာတစ်ယောက်ကို စခန်းထဲမှာ ဆေးလာကုပေးတာပါ။ လူနာဟာ တကယ့်ကို သနားစရာကောင်းတဲ့ လူနာတဦး ဖြစ်ပါတယ်။ ပြည်တွင်းကလူတွေ ပြောချက်အရကတော့ ဒီလူနာဟာ HIV/AIDS ဝေဒနာရှင်တစ်ယောက်လို့ ဆိုပါတယ်။ HIV/AIDS ဝေဒနာရှင်ဆိုလို့ ရေးလိုက်မိတော့ ကျွန်တော့်စိတ်ထဲမှာ အေစ့်ရောဂါနဲ့ သေသွားတဲ့ ကျွန်တော့်ရွာက လူတစ်ဦးအကြောင်းကို ကျွန်တော် ပြန်သတိယမိပါတယ်။ သူ့နာမည်က ဦးမိုးကျော်လို့ ခေါ်ပါတယ်။ ရွာသူရွားသားတွေရဲ့ အသိပညာနည်းပါးလွန်းတာက တကြောင်း၊ အယူသည်းတာက တစ်ကြောင်း ဦးမိုးကျော် အသေမလှခဲ့ပါဘူး။ ဦးမိုးကျော်ရဲ့ အသုဘ အဆုံးသတ်မလှခဲ့သလို ရွာသူရွာသားတွေရဲ့ အသိပညာနည်းပါးမှူကြောင့် ဦးမိုးကျော်ရဲ့ အိမ်ဟာ ရွာသူရွာသားတွေရဲ့ မီးဝိုင်းဝန်းရှို့ခြင်းကို ခံခဲ့ရပါတယ်။ ဒါဆိုရင် ဦးမိုးကျော်နဲ့ရပြီး ကျန်ခဲ့တဲ့ မိသားစုတွေ ဘယ်လိုဒုက်ခရောက်မလဲဆိုတာကိုတော့ စာဖတ်သူတို့ စဉ်းစားကြည့်ကြပါ။ ဒီအကြောင်းတွေကို ကျွန်တော်လုံးလုံးကို သတိမရခဲ့မိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၄)ရက်က ကျွန်တော့်တို့ဆီကို ရောက်လာတဲ့ လူနာရဲ့ အကြောင်းကြားတော့ ကျွန်တော်ငယ်စဉ်အခါက မြင်တွေ့ခဲ့ဖူးတဲ့ ဦးမိုးကျော်ရဲ့ အဖြစ်ကို ပြန်သတိရမိလိုက်ပါတယ်။
အခုတက်လာတဲ့ ဝေဒနာရှင်ဟာ သူ့ကို အေ့စ်ဖြစ်တယ်လို့ ထင်တဲ့ လကစပြီး ၆လတိတိ ကျွန်တော်တို့ရဲ့ ရွာသူရွာသားတွေ ဥပေခါပြုထားကြောင်း ကျွန်တော် ကြားသိရပါတယ်။ ဒီလူရဲ့ ဇနီးကတော့ လူတွေရဲ့ အပြောခံရမှာ စိုးတာကြောင့် ချစ်လှစွာသော ၇ လအရွာက်သမီးလေးနဲ့၊ ၂နှစ်ကျော် သမီးလေးနှစ်ဦးကို ခွဲခွာသွားက သူ့ကိုယ့်ကို သေကြောင်းစီရင်ခဲ့ကြောင်းကိုတော့ ရွာသူရွာသားများရဲ့ ပြောဆိုခြင်းမှ ကျွန်တော်ကြားသိခဲ့ရပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးနှစ်ဦးကတော့ မိမိတို့ရဲ့ မိဘနှစ်ပါးကို အဖေအမေလို့ မခေါ်ရရှာပဲ မည်မျှ အသက်ရှင်နေထိုင်သွားရမည် ဆိုတာကိုတော့ ကျွန်တော်မခန့်မှန်းတတ်ပါ။ ငါဘယ်နေ့ သေမှာလည်း ဆိုတာကို စောင့်နေတဲ့ ကလေးတွေရဲ့ အဖေကို မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ လုံးဝစိတ်မကောင်းပါဘူး။ အသိပညာနည်းပါးလှတဲ့ ရွာသူရွာသားတွေက လူနာကို ပစ်တင်ကဲ့ရဲ့ကာ သေလူအဖြစ် ပယ်ထားတယ်လို့ သတင်းကြားတော့ ကျွန်တော်တို့ မိသားစု အင်မတန် စိတ်မကောင်းဖြစ်ကာ ၀မ်းနည်းရပါတယ်။ လေးရက်လုံးလုံး မိမိသမီးလေးနှစ်ဦးရဲ့ ဓါတ်ပုံကိုကြည့်ပြီး ပူဆွေးဝမ်းနည်းနေတဲ့ ဖခင်တစ်ယောက်ကို ကျွန်တော့်ရွာက ရွာသူရွာသားများ လာရောက်မြင်တွေ့ရင် ဖခင်စိတ်၊ မိခင်စိတ်နဲ့ ကိုယ်ချင်းစာကြပါ့မလားဆိုတာကိုပင် ကျွန်တော်မတွေးတတ် တော့ပါ။ ဒါကြောင့် ကျွန်တော် ငြိမ်ငြိမ်မနေနိုင်တော့ပါ။ မိဘနှစ်ဦးနဲ့ ကျွန်တော်တိုင်ပင်ပြီး ဒုက်ခသည် ဆေးခန်းပို့ပေးဖို့ ကျွန်တော် စီစဉ်ရပါတော့တယ်။ ဆေးဝါး စုံလင်တဲ့ မယ်ဟောင်ဆောင် ဆေးရုံကြီးကို ပို့ဆောင်ချင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အားနည်းမှုကြောင့်တကြောင်း၊ လူနာဟာ ထိုင်းနိုင်ငံမှာ နေထိုင်ကြောင်း ဘာအထောက်အထားမှ မရှိမှူတွေကြောင့် ကျွန်တော်ဒုက်သည်စခန်းကိုပဲ မှန်းမျော်ကာ အားကိုးခဲ့မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ဒုက်ခသည်စခန်းကို နောက်တစ်ခေါက်ပြန်ရောက် ခဲ့ရပါတယ်။
ဒုက်ခသည်စခန်းကို ရောက်တော့ ဆေးခန်းက တာဝန်ရှိသူများရဲ့ နွေးထွေးစွာကြိုဆိုမှူတွေကြောင့် လူနာအတွက် ကျွန်တော်ဝမ်းသာကြည်နူးခဲ့ရပါတယ်။ ခရီးတလျှောက် မောမောပမ်းပမ်း ဖြစ်ခဲ့ပေမဲ့ ယူနီဖောင်းအပြည့်နဲ့ ပြုံးရွင်လန်းဆန်းနေတဲ့ ၀န်ထမ်းတွေရဲ့ မျက်နှာကို မြင်လိုက်ရတော့ လူနာရဲ့ ရောဂါ တ၀က်ပျောက်ပြီလို့တောင် စိတ်ထဲမှာ ခံစားမိပါတယ်။ မည်သည့်ရောဂါရှင်ကိုမဆို တရောတနှော ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ဓါတ်လေးတွေကို ကျွန်တော် ထပ်မံ တွေ့မြင်လိုက်ရတော့ လူနာတွေရဲ့ အစစ်အမှန် ကယ်တင်ရှင်တွေဆိုတာ ဒီလို ဆေးရုံဝန်ထမ်းတွေသာ ဖြစ်မယ်လို့ ကျွန်တော် ထပ်မံ ခံစားလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ဒုက်ခသည်စခန်းမှာ လူနာကို သုံးညကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆေးခန်းရဲ့ နည်းပညာ၊ စက်ကိရိယာမြင့်မားမှူနဲ့အတူ ဆေးခန်းဝန်ထမ်းတွေရဲ့ ပျူငှာယဉ်ကျေးနွေးထွေးစွာ ဆက်ဆံမှူတွေကြောင့် လူနာရဲ့ စိတ်ထဲမှာ ၀မ်းဝမ်းသာသာဖြစ်လာမယ်လို့ ကျွန်တ်ာထင်မိရင် မမှားလောက်ပါဘူး။ ပြီးတော့ ပိုက်ဆံရှိမှသာ ဒီရောဂါကို ကုသပျောက်ကင်းမှာလို့ စိတ်ထဲက စွဲလန်းနေတဲ့ မြန်မာပြည်က လူနာတစ်ဦးဟာ ဒီဒုက်ခသည်စခန်းလေးကို ရောက်လာခဲ့သည် ဆိုရင်ဘဲ ဒီတယူတန်စွဲလန်းမှူကြီး အလိုလို ပျောက်ကွယ်သွားမယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်ပါကြောင်း ပြီးတော့ ကျွန်တော် ပထမဦးဆုံး ကူညီလိုက်တဲ့ လူနာတစ်ဦးက ဒုက်ခသည်စခန်းလေးမှာ အောင်မြင်စွာ ဆေးခံယူကုသသွား နိုင်မှူကြောင့် ကျွန်တော့်ကို ကျွန်တော်လည်း ဂုဏ်ယူမိရင်း နိဂုံးချူပ်လိုက် ရပါတကား။

Read More...

.... the rest of the template goes here...

၂၀၁၀ 2010 ရွေးကောက်ပွဲတဲ့ (New)

နှစ်တွေတော်တော်လေးကို ကြာညောင်းခဲ့ပါပြီ။ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လို့ မြန်မာ့စစ်အာဏာရှင်တွေ တသွတ်သွတ်ပြောနေတာလည်း နားကြားခါးလှပါပြီ။ ဒါကြောင့် နားကြားခါး၊ နားကြားပျင်းလှတဲ့ အတွက်လည်း ဗမာစစ်အစိုးရများကို အမြင်ကပ်တဲ့၊ မုန်းတီးတဲ့ အတိုက်အခံပါတီတွေ၊ တောခိုပုန်ကန်သူတွေ၊ နိုင်ငံရေးခေါင်းဆောင်သမားကြီးတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဒီပဲယင်းမျိုးဆက်တွေဟာလည်း ယနေ့ထိတိုင် အစဉ်အဆက် မပြတ်ပဲ ခေတ်အဆက်ဆက် ဗိုလ်သန်းရွေခေါင်းဆောင်တဲ့ မြန်မာစစ်အစိုးရ အမျိုးယုတ်တွေကို ဆန့်ကျင်တိုက်ခိုက်လာကြတာလည်း တချို့တွေက အသက်စတေးပြီး လူ့လောကကနေ ခွဲခွာသွား သည်မှာလည်း အယောက်ပေါင်း မနည်းတော့ပေ။ ဥပမာ- ကဗျာဆရာကြီး ဦးတင်မိုးတို့ လူထုဒေါ်အမာတို့လို နာမည်ကြီး စာရေးဆရာ၊ ဆရာမများ၊ နိုင်ငံရေးခေါင်းဆောင်ကြီးများလည်း ကျွန်တော်တို့ မျိုးဆက်လူငယ်များကို ၀မ်းနည်းကြေကွဲစွာဖြင့် ခွဲခွာသွားခဲ့ကြပါပြီ။ ဒါကြောင့် အတိတ်က ကြယ်ပွင့်အချို့တွေ ကြွေပျောက်သွားတဲ့ အချိန်မှာ ကျန်ရှိနေသေးတဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဟာ ဘာဆက်လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။
အတိတ်ကကြယ်ပွင့်တွေ လုပ်ဆောင်သွားတဲ့ တာဝန်၊ ၀တ်တရားများကို ထိုင်ပြီး ချီးမွမ်း မနေပဲ သူတို့တွေထက် ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာကိုလည်း အနာဂတ်ကြယ်ပွင့် လေးတွေ စဉ်းစားချင့်ချိန်တတ်ဖို့လိုကြောင်း တစ်စိတ်တစ်နေရာက သတိပေးလိုပါတယ်။
ကျွန်တော်နိုင်ငံရေးသမား တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ်ကို ခံယူထားတဲ့ မတတ်တခေါက် စာရေးဆရာလေး တစ်ယောက်ပါ။ ကိုယ့်နိုင်ငံကို ကြီးပွားတိုးတက် စေချင်၊ လွတ်လပ်သော ပြည်ထောင်စုဖြစ်စေချင် (စစ်တပ်ကပြောတဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု မဟုတ်ပါဘူး။) တဲ့ မြန်မာပြည် ပြည်သူလူထုထဲက လူငယ်လေးတဦးပါ။
ဒီနေရာမှာ မြန်မာနိုင်ငံ လွတ်လပ်သော နိုင်ငံကြီးဖြစ်အောင် ဒါမှမဟုတ် စစ်အာဏာရှင် စနစ်ကြီးကျဆုံးအောင် ကြိုးပမ်းနေတဲ့ နိုင်ငံရေးသမား တချို့တလေတွေရဲ့ အကြောင်းတွေကို နည်းနည်းလောက် ဝေဖန်တင်ပြချင်ပါတယ်။ ဒီနေရာမှာ ကြိုတင်တောင်းပန်ချင်တာက စိတ်ကသိကအောင်နဲ့ ၀ိုင်းဝန်းဖတ်ရှုပေးကြပါလို့ ပြောဆိုတောင်းပန်ချင်ပါတယ်။
ပြည်ပကို တိမ်းရှောင်လာတဲ့ တချို့သော နိုင်ငံရေးသမားတွေဟာ ပြည်ပကိုရောက်တော့ နိုင်ငံရေးလုပ်ကြပါတယ်။ ကြာလာတော၊ သိလာတော့ သဘောထားခြင်း မတိုက်ဆိုင်တော့ အဖွဲ့ကနေ ခွဲထွက် အဖွဲ့တခုတည်ထောင်ကြပါတယ်။ လူမှုရေး၊ ကူညီစောင့်ရှောက်ရေးတို့၊ ပညာရေးမြင့်တင်စေရေးတို့၊ ကျန်းမာရေး စသဖြင့် ကိုယ်စီကိုယ်စီ ကြိုးစားပမ်းစား လုပ်ကိုင်ကြပါတယ်။ ပြီးတော့ Donor တွေ အောက်ကျခံပြီး ရှာကြပါတယ်။ဒါတွေကို ဖွဲ့စည်းလာတဲ့ အချိန်မှာ အစမှာတော့ ပြည်ပရောက် ဒုကရောက် ပြည်သူလူထုများကို ထိရောက်စွာ ကူညီနိုင်ကြပါတယ်။ ဒါပေမဲ့ ကြာလာတော့ ဒီလိုအဖွဲ့အစည်းတွေဟာ မိုလိုပေါက် ပေါများလာပတယ်။ ဒီလို မိုလိုပေါက် ပေါများလာတဲ့အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင် ဖြစ်လာပါတယ်။ ဒါကြောင့် ဟိုအဖွဲ့က ဟိုလူ့နားသွေးထိုး၊ ဒီအဖွဲ့က ဒီလူ့နားသွေးထိုးဆိုတော့ အကူအညီလိုတဲ့ သူက ဘယ်အဖွဲ့ကို အားကိုးလို့အားကိုးရမှန်း မသိတော့ပါဘူး။ ဒါကို စာတစ်တန် ပေတတန် ရေးမနေတော့ပါဘူး။
အခုရေးမှာက ၂၀၁၀ ရွေးကောက်ပွဲကို မူတည်ပြီး ရေးပြခန့်မှန်းပြချင်ပါတယ်။ တကယ် တော့ စစ်အစိုးရတွေလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ အတိုက်အခံဘက်က နိုင်သည်ဖြစ်စေ၊ နအဖ ဘက်ကပဲ မဲများများရရှိသည်ဖြစ်စေ စစ်တပ်ကပဲ အာဏာသိမ်းတာချည်းပဲ တွေ့နေမြင်နေရပါ တယ်။ ဒီလို နအဖက အကျင့်ယုတ်၊ အနိုင်ယူမှုတွေကိုလည်း အားလုံးသော နိုင်ငံရေးခေါင်းဆောင် များ အသိဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖစစ်အာဏာရှင်တွေ စနစ်တ ကျနဲ့ အကွက်ကျကျ ပြုလုပ်သွားမယ်ဆိုတာကိုလည်း အားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ ကြံ့ဖွတ်အဖွဲ့ပဲရမလား၊ ဦးအေးလွင်ခေါင်းဆောင် တဲ့ ၈၈ မျိုးမစစ်အဖွဲ့ပဲ အနိုင်ရမှာလား ဆိုတာကိုပဲ စိတ်ဝင်စားရမှာပါ။ စစ်အစိုးရလက်အောက်မှာ အကျယ်ချူပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ကတော့ ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ပါဝင် ယှဉ်ပြိုင်ရမလားဆိုတာကိုတော့ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှ တိတိကျကျ သိရမယ်ဆိုတာ ကျွန်တော့်ရဲ့ ယူဆချက်တရပ်အနေနဲ့ အခုကတည်း က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုချင်ပါတယ်။ အာဏာကို အငမ်းမရ ဆုတ်ကိုင်ထားချင်တဲ့ နအဖ စစ်ဗိုလ်ချူပ်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ ဒီရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မှာကို နဲနဲလေးမျှ လိုလားကြမှာ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲမှာ 88 အရေးခင်းတုံးက ဗိုလ်နေ၀င်းပြောကြားခဲ့တဲ့ “စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မပစ်တတ်ဘူး” ဆိုတဲ့စကားကို ဗိုလ်သန်းရွှေ နောက်တစ်ခါ ပြန်ပြောမိမှာကိုပဲ ကျွန်တော် စိုးရိမ်ပါတယ်။ ဒါကြောင့် 2010 ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမလား ဆိုတာကိုတောင် တွေးပူပြီး ကြောက်နေရမှာပါ။ ဒီ 2010 ရွေးကောက်ပွဲမှာ နအဖ စစ်အာဏာရှင်စနစ် ကျဆုံးဖို့ဆိုတာ ပြည်သူလူထုတွေရဲ့ သတ်တိနဲ့ အတိုင်အခံပါတီတွေရဲ့ ရဲရင့်ကျွမ်းကျင်မှုတို့ ပူးပေါင်းမှသာ ဖြစ်နိုင်မယ်ဆိုတာ ကျွန်တော်မျော်လင့်မိပါတယ်။ အဲ့ဒီအချိန်မှာ ၂၀၀၇ စက်တင်ဘာအရေးခင်း ကလို ပြည်ပလက်နက်ကိုင်တော်လှန်ရေးသမားများ လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ ၂၀ ရာခိုင်နူန်းလောက်ကတော့ နအဖဘက်က အသာစီးရမယ်ထင်တာဘဲ။ ဒီလို နအဖဖက်က အနိုင်ရသွားလို့ကတော့ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးသမားတွေ အိုမင်းရင့်ရော်ပြီး သား၊ မြေး၊ တီ၊ တွတ်နဲ့ ဒုကတွေနဲ့ ရင်ဆိုင်သွားရမယ်ဆိုရင် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် အားလုံးတက်ညီ လက်ညီ စုပေါင်းဝိုင်းဝန်း စည်းလုံးညီညွတ်စွာ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ဆောင်သွားသင့် ကြောင်း ပြည်သူတဦးအနေဖြင့် တိုက်တွန်းချင်ပါသည်။
အဓိကဆိုလိုချင်တာက တဦးကိုတဦး ၀ိုင်းဝန်းပြစ်တင်ပြောဆိုမနေဘဲ တိုင်းရင်းသား ညီအကိုမောင်နှမများ စည်းလုံးညီညွတ်စွာဖြင့် နအဖစစ်အာဏာရှင်စနစ် အဆုံးသတ်သွားအောင် ပြတ်ပြတ်သားသား ၀ိုင်းဝန်းတိုက်ခိုက်ပါရန် တိုက်တွန်းလိုချင်သော ပြည်သူတဦး။

Read More...

.... the rest of the template goes here...

Monday, July 20, 2009

အထီးကျန်သော နှလုံးသား (မထမပိုင်း)

တကယ်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ သူသဘောထားတယ်။ ဒါကြောင့်လည်း မကိုသူသိပ်ချစ်တယ်။ မရဲ့ လိုအင်ဆန္ဒကို သူအမြဲတမ်း လိုက်ဖြည့်ပေးချင်တယ်။ မကို ရွေဘုံ၊ ငွေဘုံပေါ်မှာ တင်ထားချင်တယ်။ ဖြစ်နိုင်ရင် မကို ဘာမှမလုပ်တတ်တဲ့ ကလေးတစ်ယောက်လို နေခိုင်းစေချင်တယ်။ ဒါကသူ့ရဲ့ဆန္ဒ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကတော့ သူမသိဘူး။ ဒါပေမဲ့ ဖြစ်လာအောင်တော့ သူကြိုးစားမယ်။ ရိုးသားတဲ့ နည်းနဲ့ပေါ့။ မကိုလည်း သူတိုင်ပင်ပြီးသား။

“မ အစိုင်းမကို ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ တနေ့ မကို အစိုင်း လက်ထပ်မယ်နော်”
“အေးပါ အစိုင်းရာ”
“မ အစိုင်းကို မထားခဲ့ရဘူးနော်”
“အစိုင်းနော် မကို အဲ့လိုလာမရစ်နဲ့ကွာ၊ နောက်ကျရင် မအစိုင်းဆီမလာတော့ ဘူးနော်”
“မကလည်းဗျာ မကို ချစ်လို့ အစိုင်းပြောမိတာပါ၊ မ စိတ်မတိုနဲ့နော် အစိုင်းတောင်းပန်ပါတယ်”
“ဟာအစိုင်းကလည်းကွာ အဲ့လိုမဟုတ်ပါဘူး မစတာပါ”

မကသူနေတဲ့ရပ်ကွက်နဲ့ နည်းနည်းဝေးတယ်။ နေတာကတော့ တစ်မြို့တည်း။ မလည်းအလုပ်လုပ် နေတယ်။ သူတို့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်က ရွာကလေး တစ်ရွာမှာ အလုပ်လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ခြင်းကတော့ သူတို့နှစ်ယောက် မတူဘူး။ တခြားစီ။ မက မိန်းမသားဆိုတော့ သူဌေးအိမ်တွေမှာ အိမ်ဖော်လုပ်ငန်း လိုက်လုပ်တယ်။ သူကတော့ ထုံးစံအတိုင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့ လုပ်နေကြ ပန်းရံအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရတယ်။ လုပ်မှလည်း သူတစ်နေ့သာ ထမင်းစားရမှာကို။ ဒါကြောင့် သူ့ရဲ့ ဘ၀က မကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ လုံးဝအလျော့ မပေးဘူး။ ဖြစ်ချင်တာကို ရအောင်လုပ်မယ်။ လောကကြီးမှာ သူမလုပ်နိုင်တာ မရှိစေရဘူး။ မြန်မာပြည်မှာ သူနေ တာက ကယားပြည်နယ်။ ဒါပေမဲ့ မနေတာက ရှမ်းပြည်နယ်။ သူနဲ့ မနဲ့ က တနယ်စီ။ သူနေတာ ကယားဆိုပေမဲ့ သူက ရှမ်းမျိုးရိုး။ မက ရှမ်းဗမာ။ မနဲ့စတွေ့တာက မ အလုပ်လုပ်တဲ့နေရာမှာ။ မတို့ သဌေးက ငွေပေါတယ်။ မြန်မာအခေါ်အဝေါ်ဆိုရင် လောပန်းပေါ့။ ဆိုတော့ မတို့သူဌေးက Second Hand ဆိုင်ကယ်တွေ ရောင်းတယ်။ အစိုင်းက မတို့ သူဌေးဆိုင်မှာ ဆိုင်ကယ်အကြွေးသွားယူထားတယ်လေ။ ဒါကလည်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ သဘာဝပဲလေ။ ဆိုင်ကယ်ကို အကြွေးယူတယ်။ ပြီးတော့ တလခြင်း ဆိုက်ကယ် ကြွေးဆပ်တယ်။ တစ်နှစ်တန် တစ်နှစ် နှစ်နှစ်တန် ၂ နှစ်ပေါ့။ အလွန်ဆုံးကတော့ ၃ နှစ်ပေါ့။ မနဲ့ တွေ့တာက

“ပိုင်ရှင်ရှိလားမသိဘူးဗျ”
မိန်းကလေးတစ်ယောက်ရှမ်းသံဝဲ၀ဲလေးနဲ့ ထိုင်းလိုမပီမသသံကို သူကြားလိုက်တယ်။
“ရှိပါတယ် ခဏစောင့်နော်”
“ဟုတ်ကဲ့”
သူသိလိုက်တယ်။ ဒါထိုင်းနိုင်ငံဖွား အမျိုးသမီးတော့ မဟုတ်လောက်ဘူးလို့။ ရှမ်းသံကလည်း ၀ဲနေတယ်။ ၀တ်ထားဆင်ထားတာကလည်း လုံလုံခြုံခြုံ။ ဒါရှမ်းမ မဟုတ်ရင်တောင်မှ ငါ့လိုပဲ မြန်မာပြည်ကလာပြီး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ငါတို့ မြန်မာလူမျိုးပဲ ဖြစ်ရမယ်လို့။
“အမ ဘယ်မှာနေတာလည်း အရင် တခါမှ မတွေ့ဖူးဘူးနော်” လို့ သူ စကားစလိုက်တယ်။
“အော ကျမက ဒီအိမ်မှာ အိမ်ဖော်လုပ်တာပါ၊ ရောက်တာ မကြာသေးဘူးလေ” လို့ မက ရှမ်းလိုပဲ ပြန်ဖြေတယ်။
“အော ဟုတ်လား အမက အရင်ဘယ်မှာ နေတာလည်းဗျ”လို့ သူက စပ်စပ်စုစု မေးလိုက်တယ်။
“အော အရင်က မြန်မာပြည်မှာနေတာ”

အောလို့ သူက ပြောလိုက်ချိန်မှာပဲ ဆိုင်ရှင်ထွက်လာတော့ သူက သူ့ရဲ့ တစ်လသာ ဆိုင်ကယ်ကြွေး ဆပ်လိုက်တယ်။ မနဲ့ သူနဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ သူ့ရဲ့ နှလုံးသားလေးက အလိုလို လှုပ်ခတ်လိုက်သလို သူခံစားလိုက်ရတယ်။ ပြီးတော့ မရဲ့ ပုံရိပ်တွေလည်း သူ့ရဲ့ နှလုံးသားလေးထဲမှာ အလိုလို ထင်လာတယ်။ သူသိလိုက်တယ် မကို သူချစ်မိပြီ။

ဒုတိယပိုင်းမျော်

ရှမ်းကလေး

Read More...

.... the rest of the template goes here...

Sunday, July 19, 2009

မင်္ဂလာပါခင်ဗျာ့

အားလုံးမင်္ဂလာပါခင်ဗျား
ဟဲဟဲ မတွေ့ရတာအတော်တော့ ကြာညောင်းသွားပြီနော် ကိုကို၊ မမ တို့ရေ။ တကယ်မအားလို့ပါ၊ နောက်တခုက ရှမ်းကလေး အဝေးရောက်နေလို့ပါဗျ။ ကဲအခုတော့ ရှမ်းကလေး တကယ်ပြန်လာပြီ။ မအားလပ်တဲ့အချိန်ထဲမှာ ရှိသမျှ အချိန်ကို ဖဲ့ယူပြီး စာတွေအများကြီး ရေးတော့မယ်နော်။ နောက်မှ စာများများရေးတော့မယ်နော်။ အခုတော့ မိတ်ဆက်လောက်ပဲဗျ။

ရှမ်းကလေး

Read More...

.... the rest of the template goes here...

Saturday, February 21, 2009

Come back again

Shankalay come back again

Read More...

.... the rest of the template goes here...